ပုဒ်မ ၃၁၈
ပုဒ်မ ၃၁၈
ကလေးအလောင်းကို တိတ်တဆိတ်ဖျောက်ဖျက်ခြင်းဖြင့် မွေးဖွားသည်ကို ထိမ်ချန်ခြင်း

မမွေးဖွားမီဖြစ်စေ၊ မွေးဖွားပြီးဖြစ်စေ၊ မွေးဖွားနေစဉ်အတွင်းဖြစ်စေ ကလေးသေဆုံး၍ ထိုကလေး၏ အလောင်းကို တိတ်တဆိတ်မြှုပ်နှံခြင်းဖြင့်သော်လည်းကောင်း၊ အခြားနည်း ဆောင်ရွက်ခြင်းဖြင့် သော်လည်းကောင်း အဆိုပါကလေးမွေးဖွားကြောင်းကို တမင်ထိမ်ချန်လျှင် သို့မဟုတ် ထိမ်ချန်ရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်သည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင် တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။