ပုဒ်မ ၃၆၅
လူကိုလျှို့ဝှက်စွာမတရားသဖြင့် ချုပ်နှောင်ထားရန်အကြံဖြင့် လူခိုးမှုသို့မဟုတ် သွေးဆောင်ဆွဲခေါ်မှု
မည်သူမဆို သူတစ်ဦးဦးအား လျှို့ဝှက်စွာ မတရားသဖြင့် ချုပ်နှောင်ထားခြင်းခံရစေရန်အကြံဖြင့် ခိုးယူလျှင် သို့မဟုတ် သွေးဆောင်ဆွဲခေါ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ.
- ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။
Related Law