ပုဒ်မ ၁၉
ပုဒ်မ ၁၉
လိုင်စင်

(က) ဤဥပဒေသည် ဇယားဝင်အဖွဲ့အစည်းများနှင့် မသက်ဆိုင်စေရ။

(ခ) ပုဒ်မခွဲ (က)တွင် မည်သို့ပင်ဆိုစေကာမူ အောက်ပါအချက်တစ်ရပ်ရပ်အရ ဗဟိုဘဏ်၏ ထောက်ခံ ချက်ဖြင့် ဝန်ကြီးဌာနက ဆုံးဖြတ်လျှင် ဇယားဝင်အဖွဲ့အစည်းများသည် ဤဥပဒေတစ်ရပ်လုံး သို့မဟုတ် အစိတ်အပိုင်းတစ်ရပ်ရပ်နှင့် သက်ဆိုင်စေရမည်-

(၁) ငွေအပ်နှံသူများ သို့မဟုတ် အများပြည်သူ အကျိုးစီးပွား ကာကွယ်ရန်အလို့ငှာ လိုအပ်ခြင်း၊

(၂) ဇယားဝင်အဖွဲ့အစည်းများ၏ စုစုပေါင်းရရန်ပိုင်ခွင့်များသည် ဤပုဒ်မ အလို့ငှာ ဗဟိုဘဏ်က စည်းမျဉ်းဖြင့် သတ်မှတ်သည့် ပမာဏထက် ကျော်လွန်နေခြင်း၊

(၃) ယင်းအဖွဲ့အစည်းက ဘဏ်လုပ်ငန်းစနစ် သို့မဟုတ် ငွေရေးကြေးရေးစနစ် တစ်ရပ်လုံး၏ တည်ငြိမ် မှုနှင့် ခိုင်မာမှုကို ထိခိုက်နိုင်ဖွယ်ရှိခြင်း၊

(၄) ယင်းအဖွဲ့အစည်းက ဤဥပဒေအရ ဘဏ်သို့မဟုတ် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့ အစည်းအဖြစ် လိုင်စင်ရယူခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်းမှ တိမ်းရှောင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင် ရွက်နေခြင်း။

(ဂ) ဝန်ကြီးဌာနသည် ပုဒ်မခွဲ (ခ) ပါဆုံးဖြတ်ချက်ကို အကျိုးသက်ရောက်စေရန် အမိန့်တစ်ရပ်ကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။

(ဃ) ဝန်ကြီးဌာန သို့မဟုတ် ဗဟိုဘဏ်သည် သက်ဆိုင်ရာ ဇယားဝင်အဖွဲ့အစည်းအား အမိန့်မထုတ်မီ ကိုယ်စားပြုတင်ပြစေရန် အတွက် အခွင့်အရေးပေးရန် မလိုအပ်ပါ။

(င) ပုဒ်မခွဲ (ခ) အရ ဝန်ကြီးဌာနကထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်သည် ဤဥပဒေ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ဤဥပဒေတွင် ပါရှိသကဲ့သို့ မှတ်ယူရမည်။

(စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနသည် လိုအပ် သော စည်းမျဉ်းများကို လည်းကောင်း၊ ဗဟိုဘဏ်သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန် ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။

(ဆ) ဇယားဝင်အဖွဲ့အစည်းတည်ထောင်ရန် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်သော် လည်းကောင်း၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် သော်လည်းကောင်း ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ ပါရှိသော်လည်း ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ဤပုဒ်မအရ ထုတ်ပြန်သော စည်းမျဉ်း သို့မဟုတ် အမိန့်တစ်ရပ်ရပ်သည် အပြည့်အဝအာဏာ သက်ရောက်မှုရှိစေရမည်။