ပုဒ်မ ၁၉
ပုဒ်မ ၁၉
ဥပဒေစိုးမိုးရေးအဖွဲ့အစည်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ဥပဒေစိုးမိုးရေးအဖွဲ့အစည်းသည်-

(က) မိမိတို့စုံစမ်းစစ်ဆေးနေသော မှုခင်းကိစ္စရပ်များမှတစ်ဆင့် ငွေကြေးခဝါချမှု ကျူးလွန်ဖွယ်ရာရှိသည်ဟု ယုံကြည်ရန်အကြောင်းရှိပါက ဤဥပဒေအရ တရားစွဲဆိုနိုင်ရေးဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ(က)အရ ဆောင်ရွက်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဗဟိုအဖွဲ့သို့ ဆောလျင်စွာ တင်ပြရမည်။