လျှို့ဝှက်ချက်ထိန်းသိမ်းရန်တာဝန်နှင့် စပ်လျဉ်းသည့် နောက်ထပ်ခြွင်းချက်များ
အခြားပုဒ်မတစ်ခုခုတွင် မည်သို့ပင် ပါရှိစေကာမူ ဗဟိုဘဏ်သည်-
(က) ဘဏ်များထံမှ သတင်းအချက်အလက်များကို တစ်စုတစ်ပေါင်းတည်း ပုံစံဖြင့် အများပြည်သူ အကျိုးငှာ သင့်လျော်သည် ထင်မြင်လျှင် ပုံနှိပ်ဖြန့်ချိနိုင်သည်။
(ခ) သတင်းအချက်အလက်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ထိရောက်စွာ ကြီးကြပ်စစ်ဆေး ခြင်းအတွက်သာ အသုံးပြုရန်ဖြစ်ပါက ပြည်တွင်းပြည်ပမှ ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြပ်မတ် ကွပ်ကဲရေးနှင့် ကြီးကြပ်စစ်ဆေးရေး အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်များကို လျှို့ဝှက် အဆင့်ဖြင့် ဖလှယ်နိုင်သည်။