မည်သူမဆို ကုန်အမှတ်တံဆိပ်အတုကိုဖြစ်စေ၊ ပစ္စည်းအမှတ်တံဆိပ်အတုကိုဖြစ်စေ စွဲကပ် ထားသော သို့မဟုတ် ခတ်နှိပ်ထားသော ကုန်စည်ကို သို့မဟုတ် အရာများကို သို့မဟုတ် ကုန်အမှတ် တံဆိပ်အတုကိုဖြစ်စေ၊ ပစ္စည်းအမှတ်တံဆိပ်အတုကိုဖြစ်စေ စွဲကပ်ထားသော သို့မဟုတ် ခတ်နှိပ်ထား သော သေတ္တာ၊ အထုပ် သို့မဟုတ် အခြားထည့်စရာတစ်ခုခု၌ ပါရှိသည့် ကုန်စည်ကို သို့မဟုတ် အရာ များကို ရောင်းချသည်တွင် သို့မဟုတ် ရောင်းချရန်ပြသထားသည်တွင် သို့မဟုတ် ရောင်းချရန်သော်လည်း ကောင်း၊ ကုန်သွယ်ရန်သော်လည်းကောင်း၊ ထုတ်လုပ်ရန် သော်လည်းကောင်း လက်ရှိထားသည်တွင်-
(က) ဤပုဒ်မအရ ပြစ်မှုကျူးလွန်ခြင်းကို မဖြစ်စေရန် သင့်လျော်သော ကြိုတင်သတိပြုချက် အလုံးစုံကို ထားရှိလျက် စွပ်စွဲခံရသည့်အမှုကို ပြုချိန်၌ အမှတ်တံဆိပ်၏ စစ်မှန်မှုကို သံသယဖြစ်ရန် အကြောင်း မရှိကြောင်း၊ နှင့်
(ခ) တရားစွဲဆိုသူကဖြစ်စေ၊ ၎င်း၏ ကိုယ်စားဖြစ်စေ တောင်းဆိုသောအခါ အဆိုပါ ကုန်စည်ကို သို့မဟုတ် အရာများကို မည်သူ့ထံမှရရှိကြောင်း မိမိတတ်နိုင်သမျှ သတင်းအချက်အလက်အလုံးစုံကို ပေးခဲ့သည် ဟူ၍ သက်သေထင်ရှားမပြနိုင်လျှင်၊ သို့မဟုတ်
(ဂ) မိမိသည် အခြားနည်းဖြင့် အပြစ်ကင်းစွာပြုခဲ့သည်ဟု သက်သေထင်ရှားမပြနိုင်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။