ပုဒ်မ ၅၀၁
ပုဒ်မ ၅၀၁
အသရေပျက်စေမည်ဟု သိသော အကြောင်းအရာကို ပုံနှိပ်ခြင်း သို့မဟုတ် ထုထွင်းခြင်း

မည်သူမဆို အကြောင်းအရာတစ်ခုကို ပုံနှိပ်ရာတွင် သို့မဟုတ် ထုထွင်းရာတွင် ထိုအကြောင်းအရာ သည် သူတစ်ဦးဦး၏ အသရေကို ပျက်စေသည်ဟုသိလျှင် သို့မဟုတ် ထိုသို့ပျက်စေသည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4.  ကျေအေးခွင့် ရှိသည်။.
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။