ပုဒ်မ ၂၄၃
ပုဒ်မ ၂၄၃
လက်ဝယ်ရရှိစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးအတုမှန်းသိလျက်နှင့် ထိုသူ၏ လက်ရှိထားခြင်း

မည်သူမဆို လက်ဝယ်ရရှိစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးအတုမှန်းသိလျက်နှင့် လိမ်လည် လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ရန် အကြံဖြင့်ဖြစ်စေ ထိုဒင်္ဂါး အတုကို လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။