(က) သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် စပ်ဆိုင်သော လုပ်ငန်းရပ်များအတွက် လုပ်ကိုင်လိုကြောင်းလျှောက်ထားသည့်အပေါ်ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဇ) အရ ငြင်းပယ်ခြင်းကို ကျေနပ်မှုမရှိသူသည် ငြင်းပယ်ခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကော်မတီသို့ အယူခံဝင်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ အယူခံဝင်ရောက်ရာတွင် ကော်မတီ၏အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။