ပုဒ်မ ၃၅၇
သူတစ်ဦးကို မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင်လက်ရောက်မှု သို့မဟုတ်ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု။
မည်သူမဆို သူတစ်ဦးဦးကို မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် ထိုသူကို လက်ရောက်မှု ကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- တရားရုံး၏ ခွင့်ပြုချက်ရလျှင် ကျေအေးခွင့် ရှိသည်။
- မည်သည့်တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law