ပုဒ်မ ၅
ပုဒ်မ ၅
စီရင်ပိုင်ခွင့်နှင့်အရေးယူပိုင်ခွင့်

တရားလွှတ်တော်သည်-

(က) မိမိသဘောအလျောက်ဖြစ်စေ၊

(ခ) နစ်နာသူအမှုသည်တစ်ဦး၏ လျှောက်ထားချက်အရဖြစ်စေ၊

(ဂ) အခြားနည်းအရဖြစ်စေ၊ တရားရုံးတစ်ရုံးကို မထီမဲ့မြင်ပြုမှုအား အရေးယူပိုင်ခွင့်ရှိသည်။ သို့ရာတွင် ကျူးလွန်ကြောင်းစွပ်စွဲထားသည့် မထီမဲ့မြင်ပြုမှုမှာ ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သော မထီမဲ့မြင်ပြုမှုဖြစ်ပါက အရေးယူခွင့်မရှိစေရ။