ပုဒ်မ ၆၃
ပုဒ်မ ၆၃
လုပ်ကိုင်ခွင့်ပြုသည့် ဘဏ်လုပ်ငန်းများ

(က) မည်သည့်ဘဏ်မျှ မိမိဘဏ်က ပိုင်ဆိုင်သော ရှယ်ယာများရယူခြင်း ဆောင်ရွက်ရန် သို့မဟုတ် စည်းကမ်းချက်သတ်မှတ် မထားသော သို့မဟုတ် အရေးပေါ်ပေးရန်တာဝန်ပေါ်ပေါက်နေသော ဘဏ်က ထုတ်ဝေသည့် ကြွေးမြီဆိုင်ရာ သက်သေခံ လက်မှတ်များ၊စာချုပ်များကို ဝယ်ယူခြင်းဆောင်ရွက်ရန် ချေးငွေထုတ်ခြင်းမပြုရ။

(ခ) မည်သည့်ဘဏ်မျှ မိမိပိုင်အစုရှယ်ယာများကို အာမခံထား၍လည်းကောင်း၊ မိမိဘဏ်တွင် အကျိုး စီးပွားများစွာ ရှိသော ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများကို အာမခံထား၍လည်းကောင်း ချေးငွေထုတ် ချေးခြင်း မပြုရ။

(ဂ) ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာ ဘဏ်ဝန်ထမ်းများက ဘဏ်၏ အစုရှယ်ယာများအား ပိုင်ဆိုင်နိုင်သည့် အစီအစဉ်အတွက် ကိုယ်ပိုင်အစုရှယ်ယာများကို အာမခံထား၍ ချေးငွေပေးခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။ ယင်းသို့ချေးငွေပေးခြင်းသည် ဘဏ်၏ထည့်ဝင်ပြီး မတည် ရင်းနှီးငွေ၏ ငါးရာခိုင်နှုန်းထက် မပိုရ။