ပုဒ်မ ၄၄၈
ပုဒ်မ ၄၄၈
အိမ်ကျော်နင်းမှုအတွက် ပြစ်ဒဏ်

မည်သူမဆို အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် ရှိသည်။
  5.  မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။