ဥပဒေတရပ်ရပ်တွင် ကာလအပိုင်းအခြားနှင့်စပ်လျဉ်း၍-
(က) “မှ”၊ သို့မဟုတ် “မှစ၍” ဟူသောစကားရပ်ကိုသုံးနှုန်းထားလျှင် ဖော်ပြသည့်ရက်၊ သို့မဟုတ် ဖော်ပြ သည့်ကာလအပိုင်းအခြား ပါဝင်သည်ဟု မှတ်ယူရမည်။
(ခ) “အထိ” ဟူသောစကားရပ်ကို သုံးနှုန်းထားလျှင် ဖော်ပြသည့်ရက်၊ သို့မဟုတ် ဖော်ပြသည့် ကာလ အပိုင်းအခြား ပါဝင်သည်ဟု မှတ်ယူရမည်။