ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန်မလွယ်ကူသောပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို မည်ကဲ့သို့ ထိန်းသိမ်း ထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာနှင့် စာရွက်စာတမ်းအထောက်အထားများဖြင့် သက်ဆိုင်ရာ တရားရုံးသို့ တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းပြုနိုင်သည်။