ပုဒ်မ ၄၃
ပုဒ်မ ၄၃
မတည်ရင်းနှီးငွေ၊ သီးသန့်ရန်ပုံငွေနှင့် အဓိကကျသည့် ပိုင်ဆိုင်မှု

ဘဏ်၏ အဓိကအစုရှယ်ယာဝင်ဖြစ်သူ မည်သူမဆို ဤဥပဒေ စတင်အာဏာတည်သည့်နေ့မှ ခြောက်လအတွင်း အဆိုပါ အဓိက အစုရှယ်ယာဝင်အဖြစ် ဆက်လက်တည်ရှိရေးအတွက် ဗဟိုဘဏ်၏ သဘောတူအတည်ပြုချက်ရရှိရန် လျှောက်ထားခြင်း ပြုရမည်။ ဗဟိုဘဏ်၏ သဘောတူအတည်ပြုချက် ရရှိမှသာလျှင် အဆိုပါ အဓိကအစုရှယ်ယာဝင်အဖြစ် ဆက်လက်တည်ရှိ ရမည်။