ပုုဒ်မ ၂(ဃ)
ပုုဒ်မ ၂(ဃ)
ပြစ်မှုဆိုင်ရာမထီမဲ့မြင်ပြုမှု

ပြစ်မှုဆိုင်ရာမထီမဲ့မြင်ပြုမှု ဆိုသည်မှာ အောက်ပါ အပြုအမူတစ်ခုခုအတွက် အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ တမင်ထုတ်ဖော်ကြေညာခြင်း၊ သတင်းအဖြစ် ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ဆိုသည်-

(၁) တရားရုံး၏ ဥပဒေအရအပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေခြင်း သို့မဟုတ် သေးသိမ်ရန် ဖြစ်တန်စေခြင်း၊

(၂) တရားစီရင်သောမှုခင်းကိစ္စတွင် ဖြောင့်မှန်စွာဆောင်ရွက်မှုကို ထိခိုက်စေခြင်း၊ စွက်ဖက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊

(၃) မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်းစေရန် တစ်နည်းနည်းဖြင့်ပြုလုပ်ခြင်း၊

(၄) တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များကို တစ်စုံတစ်ရာအဆုံးအဖြတ်မပေးရသေးမီ ကြိုတင် ဝေဖန်ပြောဆိုခြင်း၊ ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း။