မည်သူမဆို မမှန်ဟုသော်လည်းကောင်း၊ ဖန်တီးထားသည်ဟုသော်လည်းကောင်း မိမိသိသော သက်သေခံချက်တစ်ခုခုကို အမှန်သက်သေခံအဖြစ်ဖြင့်ဖြစ်စေ၊ စစ်မှန်သော သက်သေခံအဖြစ်ဖြင့်ဖြစ်စေ တရားမဲ့စွာအသုံးပြုလျှင် သို့မဟုတ် ထိုသို့အသုံးပြုရန် အားထုတ်လျှင်ထိုသူကို မမှန်သက်သေခံ သကဲ့သို့ သော်လည်းကောင်း မမှန်သက်သေခံ ဖန်တီးသကဲ့သို့သော်လည်းကောင်း ထပ်တူပြစ်ဒဏ်ချမှတ်ရမည်။