ပုဒ်မ ၄၆
ပုဒ်မ ၄၆
သက်သေခံပစ္စည်းသိမ်းဆည်းခြင်းနှင့် ကျွမ်းကျင်သူ၏ သက်သေခံချက်တင်သွင်းခြင်း

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဆိုက်ဘာမှုခင်းကို စုံစမ်းဖော်ထုတ်ရာတွင် စုံစမ်းစစ်ဆေးသော ကိစ္စရပ်နှင့် သက်ဆိုင်သည်ဟု ယူဆရသော ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူ နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်အညီ သိမ်းဆည်းပြီး အချက်အလက်ဆန်းစစ်ခြင်း သို့မဟုတ် ဒီဂျစ်တယ်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။