မည်သူမဆို အများပြည်သူကိုဖြစ်စေ၊ သူတစ်ဦးဦးကိုဖြစ်စေ မတရားသဖြင့် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးနစ်နာခြင်းဖြစ်စေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ ဆုံးရှုံးခြင်းသို့မဟုတ် ပျက်စီးနစ်နာခြင်း ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပစ္စည်းတစ်ခုခုကို ဖျက်ဆီးလျှင် သို့မဟုတ် ပစ္စည်း၏ တန်ဖိုးကိုဖြစ်စေ၊ အသုံးဝင်မှုကိုဖြစ်စေ ပျက်စီးအောင် သို့မဟုတ် ယုတ်လျော့အောင် သို့မဟုတ် နစ်နာ လောက်အောင် ထိုပစ္စည်း၌ သို့မဟုတ် ထိုပစ္စည်း၏ အနေအထား၌ ပြောင်းလဲခြင်းကို ဖြစ်စေလျှင် ထိုသူသည် “အကျိုးဖျက်ဆီးမှု”ကို ကျူးလွန်သည်မည်၏။
| ရှင်းလင်းချက် ၁။ | ပြစ်မှုကျူးလွန်သူက နစ်နာခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံရသည့် ပစ္စည်းရှင်အား ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးနစ်နာခြင်းသို့ ရောက်အောင်ကြံရွယ်ရမည်ဟူသော အချက်သည် အကျိုးဖျက်ဆီးမှုတွင် လိုရင်းမဟုတ်။ ပစ္စည်းတစ်ခုခုသည် သူတစ်ဦးဦး ပိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ ထိုပစ္စည်းကို နစ်နာစေခြင်းဖြင့် ထိုသူကို မတရားသဖြင့် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးနစ်နာခြင်းဖြစ်စေရန် ကြံရွယ်လျှင် သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာသည်ကိုသိလျှင် ထိုသို့ကြံရွယ်ခြင်း သည် သို့မဟုတ် ထိုသို့သိခြင်းသည် လုံလောက်သောအကြောင်းဖြစ်သည်။ |
| ရှင်းလင်းချက် ၂။ | ပစ္စည်းကိုထိခိုက်သော ပြုလုပ်မှုကိုကျူးလွန်သူသည် မိမိပိုင်ဆိုင်သည့်ပစ္စည်းကို သော်လည်းကောင်း၊ အခြားသူများနှင့် ပူးတွဲပိုင်ဆိုင်သည့်ပစ္စည်းကိုသော်လည်း ကောင်း ထိခိုက်သောပြုလုပ်မှုကိုကျူးလွန်လျှင် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ရာ ရောက်နိုင်သည်။ |
ဥပမာများ
(က) A သည် Z ကို မတရားသဖြင့် ဆုံးရှုံးစေရန်ကြံရွယ်၍ Z ပိုင်သော အဖိုးတန် စာတမ်း အမှတ်အသားကို မိမိအလိုအလျောက် မီးရှို့လိုက်၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည်မည်၏။
(ခ) A သည် Z ကို မတရားသဖြင့် ဆုံးရှုံးစေရန် ကြံရွယ်၍ Z ပိုင် ရေခဲသိုလှောင်သည့် အိမ်တွင်းသို့ ရေများကို ဝင်ရောက်စေ၍ ရေခဲကိုပျော်စေ၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည်မည်၏။
(ဂ) A သည် Z ကို မတရားသဖြင့် ဆုံးရှုံးစေရန် ကြံရွယ်၍ Z ပိုင် လက်စွပ်တစ်ကွင်းကို မိမိ အလိုအလျောက် မြစ်ထဲသို့ ပစ်ချလိုက်၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည်မည်၏။
(ဃ) Z သို့ ပေးဆပ်ရမည့် ကြွေးမြီကို ပေးဆပ်စေရန် မိမိပိုင်ပစ္စည်းများကို ဇာရီပြုခြင်း ခံရ တော့မည်ကို သိလျက်နှင့် A သည် ထိုကြွေးမြီများကို Z မရရှိအောင် တားဆီးရန် အကြံဖြင့်လည်းကောင်း၊ Z ပျက်စီးနစ်နာစေရန် အကြံဖြင့်လည်း ကောင်း ထိုပစ္စည်း များကို ဖျက်ဆီး၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည် မည်၏။
(င) A သည် သင်္ဘောအာမခံသူတို့၏ အကျိုးကိုပျက်စီးစေရန်အကြံဖြင့် မိမိအာမခံချုပ်ဆိုထားသော သင်္ဘောတစ်စင်းကို မိမိအလိုအလျောက် လွင့်မျောပျက်စီးစေ၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည် မည်၏။
(စ) A သည် သင်္ဘောကို အပေါင်ထား၍ ငွေထုတ်ချေးသော Z ၏ အကျိုးပျက်စီးစေရန်ကြံရွယ်၍ ထိုအပေါင်ဝင်သင်္ဘောကို လွင့်မျောပျက်စီးစေ၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည်မည်၏။
(ဆ) A သည် Z ကို မတရားသဖြင့် ဆုံးရှုံးစေရန်ကြံရွယ်၍ မိမိတို့ နှစ်ဦးပူးတွဲပိုင်ဆိုင်သည့် မြင်းကို သေနတ်ဖြင့်ပစ်၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည်မည်၏။
(ဇ) A သည် Z ၏ အသီးအနှံများကို ပျက်စီးစေရန် ကြံရွယ်၍လည်းကောင်း၊ ထိုသို့ ပျက်စီး စေတန်ရာသည်ကို သိလျက်နှင့်လည်းကောင်း Z ပိုင် လယ်ထဲသို့ ကျွဲနွားများကို ဝင်ရောက်စေ၏။ A သည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည်မည်၏။