မည်သူမဆို သူတစ်ဦးဦးအား နာကျင်စေမှု ကျူးလွန်ရန်သော်လည်းကောင်း၊ လက်ရောက်မှု ကျူးလွန်ရန်သော်လည်းကောင်း၊ မတရားတားဆီးမှု ကျူးလွန်ရန်သော်လည်းကောင်း၊ သူတစ်ဦးဦးကို နာကျင်စေမည်ဟု သို့မဟုတ် လက်ရောက်မှုပြုမည်ဟု သို့မဟုတ် မတရားတားဆီးမှုပြုမည်ဟု ကြောက်ရွံ့ အောင် ပြုရန်သော်လည်းကောင်း ပြင်ဆင်ပြီးနောက် ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုဖြစ်စေ၊ အိမ်ဖောက်ထွင်း မှုကိုဖြစ်စေ ကျူးလွန်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။