ပုဒ်မ ၆၀
ပုဒ်မ ၆၀
အယူခံခုံရုံးဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်း

အယူခံခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) အယူခံခုံရုံးဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့် သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့ သူ ဖြစ်ရမည်။

(ခ) အယူခံခုံရုံးအဖွဲ့ဝင်များသည် ဆက်သွယ်ရေးဆိုင်ရာနည်းပညာရပ်၊ ဥပဒေပညာရပ်၊ စီးပွားရေး ပညာရပ်တို့နှင့် စပ်လျဉ်း၍ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ကျွမ်းကျင်သူပညာရှင်များ ဖြစ်ရမည်။