(က) ဗဟိုဘဏ်သည် ကြပ်မတ်ကွပ်ကဲရေးနှင့် စပ်လျဉ်း၍ ဘဏ်များလိုက်နာရမည့် လိုအပ်ချက် များကို သတ်မှတ်ရန် ဤဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ စည်းမျဉ်းများကို အသေးစိတ် သတ်မှတ် ထုတ်ပြန်ရမည်။
(ခ) ယင်းသို့ ထုတ်ပြန်ရာတွင် ဘဏ်အားလုံးအတွက်ဖြစ်စေ၊ အမျိုးအစားကွဲပြားသည့် ဘဏ်များ အတွက်ဖြစ်စေ ထုတ်ပြန်သော စည်းမျဉ်းများသည် အဆိုပါဘဏ်၏ မတူညီသောရည်ရွယ်ချက်၊ သဘော သဘာဝ၊ လုပ်ငန်းပမာဏ နှင့် အဆိုပါဘဏ်၏ ငွေကြေးရရှိရာ ရင်းမြစ်တို့အပေါ်တွင် မူတည်၍ သတ် မှတ်နိုင်သည်။
(ဂ) ဗဟိုဘဏ်က ဤပုဒ်မအရ သတ်မှတ်ထားသည့် လိုအပ်ချက်များကို လိုက်နာရန် ပျက်ကွက်သည့် ဘဏ်တစ်ခုခုသည် ဗဟိုဘဏ်က သတ်မှတ်သည့်အချိန်ကာလအတွင်း ဗဟိုဘဏ်၏ စည်းမျဉ်းတွင် သတ်မှတ်သည့်နှုန်းထားဖြင့် ဗဟိုဘဏ်သို့ ဒဏ်ငွေပေးဆောင်ရမည်။