ပုုဒ်မ ၅
ပုုဒ်မ ၅
မဲဆန္ဒနယ်များ သတ်မှတ်ခြင်း

(က) ကော်မရှင်ကသတ်မှတ်သော လွှတ်တော်မဲဆန္ဒနယ်သည် လွှတ်တော်သက်တမ်းတစ်ခု အတွက်သာ အတည်ဖြစ်သည်။

(ခ) ကော်မရှင်က ပုံမှန်သက်တမ်းတစ်ရပ်အတွက် မဲဆန္ဒနယ်များသတ်မှတ်ပြီးမှ မြို့နယ်အသစ်ဖွဲ့စည်း ခဲ့လျှင် ယင်းမြို့နယ်သည် ထိုပုံမှန်သက်တမ်းအတွက် သတ်မှတ်ထားသည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တွင်ပါဝင်သည်ဟု မှတ်ယူရမည်။

(ဂ) လွှတ်တော်သက်တမ်းမကုန်ဆုံးမီ နောက်သက်တမ်းတစ်ခုအတွက် မဲဆန္ဒနယ်များကို ကော်မရှင် က အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ပေးရမည်။