ပုဒ်မ ၄၇
ပုဒ်မ ၄၇
ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း

ဤဥပဒေအရ လိုင်စင်ရရှိသူသည် လမ်းမကြီး၊ လမ်း၊ ရထားလမ်း၊ မြစ်၊ တူးမြောင်း၊ အခြားသော ရေလမ်း၊ ရေသွင်းစိုက်ပျိုးရေးစနစ်၊ ရေမြောင်း၊ ရေပေးရေးစနစ်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဆိပ်ကမ်း လုပ်ငန်း သို့မဟုတ် အခြားသော အများပြည်သူနှင့် သက်ဆိုင်သည့် သို့မဟုတ် ပုဂ္ဂလိကနှင့် သက်ဆိုင် သည့် လုပ်ငန်းများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းတစ်စုံတစ်ရာ အကောင်အထည်ဖော်ဆောင် ရွက် ခြင်းနှင့် မြေပေါ်မြေအောက်တို့တွင် ကွန်ရက်အထောက်အကူပြုပစ္စည်းများကို အသုံးပြုပြီး ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းအတွက် ကွန်ရက်အထောက်အကူပြုပစ္စည်းများ ထူထောင်ခြင်းပြုရာတွင် လူ နှင့် ပစ္စည်းတို့၏ လုံခြုံရေးကို အလေးဂရုပြု၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။