လူမှုဝန်ထမ်းဦးစီးဌာနသည်-
(က) အခြေအနေတစ်ရပ်ရပ်ကြောင့် မိရင်းဖရင်း ပြုစုစောင့်ရှောက်မှု ဆုံးရှုံးသွားသော သို့မဟုတ် မရရှိသော ကလေးသူငယ်များအား မိရင်းဖရင်းကိုယ်စား ဆွေမျိုးသားချင်းများက ပြုစုစောင့်ရှောက် ခြင်း၊ မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်း၊ သင်တန်းကျောင်းအခြေပြု ပြုစုစောင့်ရှောက်ခြင်း၊ ယာယီစောင့်ရှောက်ရေးဂေဟာတွင် ပြုစုစောင့်ရှောက်ခြင်းစသည့်နည်းလမ်းများ အပါအဝင် အခြားနည်း ဖြင့် ပြုစုစောင့်ရှောက်ခြင်းပြုနိုင်ရေးကို ဦးစားပေးကာ အစီအမံများ ချမှတ်ဆောင်ရွက်ရမည်။
(ခ) အဆိုပါ ကလေးသူငယ်များအား မိသားစုပတ်ဝန်းကျင်မှ အမြဲတမ်းဖယ်ရှားခြင်းသည် ကလေး သူငယ်၏ အကောင်းဆုံးအကျိုးစီးပွား ဖြစ်ထွန်းစေသည့်အခါမှတစ်ပါး ယင်းသို့ ဖယ်ရှားခြင်းမှာ ယာယီ သာလျှင်ဖြစ်စေပြီး အတိုတောင်းဆုံးသော အချိန်ကာလအတွက်သာ ဖြစ်စေရမည်။
(ဂ) မိသားစုပတ်ဝန်းကျင်မှ ပြုစုစောင့်ရှောက်မှု ဆုံးရှုံးသွားသော ကလေးသူငယ်များအား သင်တန်း ကျောင်းအခြေပြု ပြုစုစောင့်ရှောက်ခြင်းနှင့် ယာယီစောင့်ရှောက်ရေးဂေဟာတွင် ပြုစုစောင့်ရှောက် ခြင်းကို နောက်ဆုံးနည်းလမ်းအနေဖြင့်သာ ကျင့်သုံးရမည်။
(ဃ) သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများတွင် ကလေး သူငယ် ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့် ပြုစုစောင့်ရှောက်မှုစံနှုန်းများ သတ်မှတ်ပေးရမည်။
(င) အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း အစီအစဉ်အရ ကလေးသူငယ်များအား သင့်လျော်သည့် စောင့်ရှောက်မှုအတွက် နေရာချထားပေးခြင်းကို တာဝန်ယူဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ရာ တွင် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ညှိနှိုင်းပါဝင်ဆောင်ရွက်စေနိုင်သည်။
(စ) အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်းအစီအစဉ်အရ ကလေးသူငယ်အား သင့်လျော်သည့် စောင့်ရှောက်မှုအတွက် နေရာချထားခြင်းကို ပုံမှန်ပြန်လည် သုံးသပ်ပြီး မိသားစုထံ ပြန်လည်အပ်နှံ နိုင်မည့် ဖြစ်နိုင်ခြေကို အကဲဖြတ်သုံးသပ်ရမည်။