ပုဒ်မ ၂၃
ပုဒ်မ ၂၃
ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးများ

ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ဗဟိုဘဏ်ကချမှတ်သည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အောက်ပါလုပ်ငန်းများ အားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ပါဝင်ဆောင် ရွက်နိုင်သည်-

(က) ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်းများ၊

(ခ) အငှားချထားသည့် လုပ်ငန်းများ၊

(ဂ) ကြွေးမြီများ ဝယ်ယူကောက်ခံသည့် လုပ်ငန်းများ၊

(ဃ) အကြွေးဝယ်ကတ်လုပ်ငန်းများ၊

(င) ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊

(စ) ဗဟိုဘဏ်က သတ်မှတ်သည့် အခြား ချေးငွေဝန်ဆောင်မှုလုပ်ငန်းများ၊

(ဆ) ဗဟိုဘဏ်က အခါအားလျော်စွာ ခွင့်ပြုသည့် အခြားလုပ်ငန်းများ။