ပုဒ်မ ၄၉၆
တရားဝင်ထိမ်းမြားခြင်းမမြောက်ဘဲ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် ထိမ်းမြားခြင်း အခမ်း အနားကိုခံယူမှု
မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသော ကြံရွယ်ချက်ဖြင့် ဖြစ်စေ တရားဝင်ထိမ်းမြားခြင်း မမြောက်သည်ကိုသိလျက်နှင့် ထိမ်းမြားခြင်းအခမ်းအနားကို ခံယူလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ.
- စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။
Related Law