ပုဒ်မ ၅၁၁
ပုဒ်မ ၅၁၁
ထောင်ဒဏ်ထိုက်သောပြစ်မှုများကိုကျူးလွန်ရန် အားထုတ်ခြင်းအတွက်ပြစ်ဒဏ်

မည်သူမဆို ဤရာဇသတ်ကြီးအရ (***) ထောင်ဒဏ်ထိုက်သောပြစ်မှုကို ကျူးလွန်ရန်သော်လည်း ကောင်း၊ ထိုသို့သောပြစ်မှုကို ကျူးလွန်စေရန်သော်လည်းကောင်း အားထုတ်၍ ထိုသို့ အားထုတ်ရာတွင် ပြစ်မှုကျူးလွန်ခြင်းသို့ ရှေးရှုသော ပြုလုပ်မှုတစ်ခုခုကိုပြုရာ၌ အဆိုပါအားထုတ်မှုအတွက် ပြစ်ဒဏ် ချမှတ်ရန် ဤရာဇသတ်ကြီး၌ အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ထိုသူကို သက်ဆိုင်ရာပြစ်မှုအတွက် ပြဋ္ဌာန်းသော အများဆုံးကာလ အပိုင်းအခြား၏ ထက်ဝက်အထိ (***) ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ဥပမာများ

(က) A သည် သေတ္တာတစ်လုံးကို ချိုးဖျက်ပြီးလျှင် ကျောက်မျက်ရတနာအချို့ကို ခိုးယူရန် အားထုတ်၏။ သေတ္တာကိုဖွင့်ပြီးသောအခါ ကျောက်မျက်ရတနာ မရှိသည်ကို သိရ၏။ ဤတွင် A သည် ခိုးမှုကျူးလွန် ခြင်းသို့ ရှေးရှုသောပြုလုပ်မှုကို ပြုပြီးသောကြောင့် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်၏။

(ခ) A သည် Z ၏ အင်္ကျီအိတ်အတွင်းသို့ လက်သွင်း၍ ခါးပိုက်နှိုက်ရန် အားထုတ်၏။ Z ၏ အိတ်အတွင်း၌ ဘာမျှမရှိခြင်းကြောင့် A ၏ အားထုတ်ခြင်းသည် မအောင်မြင်သော်လည်း A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်၏။

ကျင့်ထုံး
  • . ကျူးလွန်သည့်ပြစ်မှုအတွက် ရဲက ဝရမ်းဖြင့်ဖြစ်စေ၊ ဝရမ်းမပါဘဲဖြစ်စေ ဖမ်းဆီးခွင့် ရသည် မရသည်အတိုင်း
  • . ကျူးလွန်သည့်ပြစ်မှုအတွက် သမ္မာန်စာဖြစ်စေ၊ ဝရမ်းဖြစ်စေ သာမန်အားဖြင့် ထုတ်ရမည့်အတိုင်း
  • . ကျူးလွန်သည့်ပြစ်မှုအတွက် အာမခံပေးရမည်၊ မပေးနိုင်ဆိုသည့်အတိုင်း
  • . အားထုတ်သော ပြစ်မှုသည်ကျေအေးခွင့်ရှိသည့်အခါ ကျေအေးခွင့်ရှိသည်။
  • . ကျူးလွန်ရန် အားထုတ်သည့်ပြစ်မှု မူရင်းကိုစစ်ဆေးစီရင်နိုင်သည့် တရားရုံး