ဓားပြမှုကို ပူးပေါင်းကျူးလွန်သောသူ ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသောသူများအနက် သူတစ်ဦးဦး သည် အဆိုပါ ဓားပြမှုကျူးလွန်ရာ၌ လူသတ်မှုကိုပါ ကျူးလွန်လျှင် ထိုသူအသီးသီးကို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့်ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။
စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။