ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်း ဆိုသည်မှာ အောက်ပါလုပ်ငန်းများကို ဆိုသည်-
(၁) အပ်နှံငွေအမျိုးမျိုး လက်ခံခြင်းလုပ်ငန်း၊
(၂) ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက ထုတ်ပေးသော သို့မဟုတ် ပေးသွင်းသော ချက်လက်မှတ် များကို ငွေထုတ်ပေးသည့် လုပ်ငန်းနှင့် ငွေကောက်ခံပေးသည့် လုပ်ငန်း၊
(၃) ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်းလုပ်ငန်း၊
(၄) ပုဒ်မ ၅၂ ပါ ဗဟိုဘဏ်က သတ်မှတ်လုပ်ကိုင်ခွင့်ပြုသည့် ဘဏ်လုပ်ငန်းများ။