မည်သူမဆို သူတစ်ဦးဦးအား နာကျင်စေမှု ကျူးလွန်ရန်သော်လည်းကောင်း၊ လက်ရောက်မှု ကျူးလွန်ရန်သော်လည်းကောင်း၊ မတရားတားဆီးမှုကျူးလွန်ရန်သော်လည်းကောင်း သူတစ်ဦးဦးကို နာကျင်စေမည်ဟု သို့မဟုတ် လက်ရောက်မှုပြုမည်ဟု သို့မဟုတ် မတရားတားဆီးမှုပြုမည်ဟု ကြောက်ရွံ့ အောင်ပြုရန်သော်လည်းကောင်း ပြင်ဆင်ပြီးနောက် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို ခုနစ် နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို စစ်ဆေးနိုင်သည်။