ပုဒ်မ ၅၀၂
အသရေပျက်စေသောအကြောင်း ပါရှိသည့် ပုံနှိပ်ထားသော အရာကိုဖြစ်စေ၊ ထုထွင်းထားသောအရာကို ဖြစ်စေ ရောင်းချခြင်း
မည်သူမဆို သူတစ်ဦးဦး၏ အသရေပျက်စေသော အကြောင်းအရာပါရှိသည့် ပုံနှိပ်ထားသော အရာ တစ်ခုခုကိုဖြစ်စေ၊ ထုထွင်းထားသောအရာတစ်ခုခုကိုဖြစ်စေ ရောင်းချရာတွင် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းရာတွင် ထိုသို့ အသရေပျက်စေသည့် အကြောင်းပါရှိသည်ဟုသိလျှင် ထိုသူကို နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် ရှိသည်။.
- ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။
Related Law