(က) မည်သူမျှ အောက်ပါအချက်တစ်ရပ်ရပ်နှင့် မကိုက်ညီလျှင် အီလက်ထရောနစ် ငွေကြေးကို ဖြစ်စေ၊ ချေးငွေတိုကင်ကို ဖြစ်စေ အများပြည်သူသို့ ထုတ်ပေးခြင်းမပြုရ-
(၁) ဘဏ်တစ်ခုခုဖြစ်ခြင်း၊ သို့မဟုတ်
(၂) ၎င်း၏ရည်ရွယ်ချက်အတွက် ဗဟိုဘဏ်က မှတ်ပုံတင်ပြုလုပ်ပေးထားသည့် ငွေရေးကြေးရေး အဖွဲ့ အစည်းတစ်ခုခုဖြစ်ခြင်း။
(ခ) အီလက်ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်အတွက် သုံးစွဲနိုင်သည့်ကာလနှင့် ၎င်းကို မည်သို့ ပြန်လည်ပေးဆပ်မည်ဟူသော စည်းကမ်းသတ်မှတ်ချက်များပါရှိသည့် အီလက်ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်ထုတ်ပေးသူနှင့် လက်ခံသူတို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်အရ အီလက် ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်ကို ထုတ်ဝေနိုင်သည်။