ပုဒ်မ ၂၇၈
ပုဒ်မ ၂၇၈
ကျန်းမာရေးကို အန္တရာယ်ဖြစ်စေရန် လေကိုတစ်ခုခုပြုခြင်း

မည်သူမဆို နေရာတစ်ခုခုရှိလေကို ထိုနေရာအနီးအနားတွင် အများအားဖြင့် နေထိုင်သော သို့မဟုတ် အလုပ်လုပ်ကိုင်သော သို့မဟုတ် အများပြည်သူဆိုင်ရာ လမ်း၌သွားလာနေသော သူများ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေအောင် မိမိအလိုအလျောက် ညစ်ညမ်းစေလျှင် ထိုသူကို ကျပ်ငါးသောင်းထိ ငွေဒဏ် ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်