လုပ်ငန်းလိုင်စင်ရရှိသူသည် မိမိ၏ကွန်ရက်အထောက်အကူပြုပစ္စည်း တပ်ဆင်ခြင်း သို့မဟုတ် ထိန်းသိမ်းမွမ်းမံခြင်းပြုရာတွင် ပေါ့လျော့ခြင်း သို့မဟုတ် တမင်ပျက်ကွက်ခြင်းကြောင့် တစ်ဦးတစ် ယောက်သောသူအား ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ သေဆုံးခြင်း သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ ပျက်စီး ဆုံးရှုံးစေခြင်းဖြစ်လျှင် ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် နစ်နာသူသည် လုပ်ငန်းလိုင်စင်ရရှိသူထံမှ သတ်မှတ်ချက်နှင့်အညီ လျော်ကြေးရထိုက်ခွင့်ရှိသည်။