(က) ဗဟိုဘဏ်က ဘဏ်နှင့်စပ်လျဉ်း၍ ပုဒ်မ ၉၄ ပါ ပြဋ္ဌာန်းထားသော အခြေအနေများ ပေါ်ပေါက်တွေ့ရှိကြောင်း ဆုံးဖြတ်လျှင် ဗဟိုဘဏ်သည် သတိပေးအကြောင်းကြားစာ ပေးပို့ရမည်။
(ခ) ဗဟိုဘဏ်က ထုတ်ဆင့်သည့် အကြောင်းကြားစာရရှိသည့်နေ့မှ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဘဏ်သည် မိမိ၏ချွတ်ယွင်းအားနည်းမှု သို့မဟုတ် နှောင့်နှေးမှုအတွက် မည်သို့အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း လုပ်ငန်းစီမံချက်ကို ဗဟိုဘဏ်သို့ တင်ပြရမည်။
(ဂ) ပုဒ်မခွဲ (ခ)အရ ပြုလုပ်မည့် လုပ်ငန်းစီမံချက်တွင်-
(၁) ဖြစ်ပေါ်ခဲ့သော ချွတ်ယွင်းအားနည်းမှု သို့မဟုတ် နှောင့်နှေးမှုအတွက် မည်ကဲ့သို့ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း အစီအစဉ် အသေးစိတ်ကို ဖော်ပြ၍ တင်ပြရမည်။
(၂) သက်ဆိုင်ရာ ဘဏ်ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ပါရှိရမည်။
(၃) ချွတ်ယွင်းအားနည်းချက်များ သို့မဟုတ် နှောင့်နှေးမှုများကို ပြီးပြည့်စုံသည်အထိ အရေးယူဆောင် ရွက်ရေးစီမံချက်ကို ပြုလုပ်မည့် အချိန်ကာလကို ဖော်ပြရမည်။
(၄) အရေးယူဆောင်ရွက်မှု လုပ်ငန်းစဉ်များကို မည်ကဲ့သို့သော စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ရှင်းလင်းချက်ပါရှိ ရ မည်။
(ဃ) ဘဏ်က လုပ်ငန်းစီမံချက်ကို ဗဟိုဘဏ်သို့ တင်ပြရာတွင် နောက်ဆုံးအခြေအနေများ သို့မဟုတ် လိုအပ်သော အခြား အစီရင်ခံစာများပါ တင်ပြရမည်။
(င) ဘဏ်က တင်ပြရမည့်လုပ်ငန်းစီမံချက်ကို သတ်မှတ်သည့် အချိန်ကာလအတွင်း တင်ပြရန် ပျက် ကွက်လျှင်ဖြစ်စေ၊ တင်ပြလာသော လုပ်ငန်းစီမံချက်ပြည့်စုံမှုမရှိဟု ဗဟိုဘဏ်က ဆုံးဖြတ်လျှင်ဖြစ်စေ၊ ဘဏ်ကတင်ပြထားသော လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်လျှင်ဖြစ်စေ ဗဟို ဘဏ်သည် ပုဒ်မ ၉၆ အရ ဘဏ်အား ပြန်လည် တည့်မတ်စေရန် အရေးယူ ဆောင်ရွက်မှုပြုရမည်။