ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း သို့မဟုတ် ကုန်စည်များကို သို့မဟုတ် သေတ္တာ၊ အထုပ်၊ အခြားထည့်စရာ တစ်ခုခု၌ ပါရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ကုန်စည်များကို သူတစ်ဦးဦး မပိုင်ပါဘဲလျက် ပိုင်ကြောင်းယုံကြည်စေရန် ယုတ္တိရှိအောင် စီမံပြုလုပ်ထားသော နည်းလမ်းဖြင့် မည်သူမဆို ထိုရွှေ့ပြောင်း နိုင်သည့်ပစ္စည်းကိုသော်လည်းကောင်း၊ ကုန်စည်များကိုသော်လည်းကောင်း၊ ထိုပစ္စည်း၊ ထိုကုန်စည် တစ်ခုခုပါဝင်သည့် သေတ္တာ၊ အထုပ်၊ အခြားထည့်စရာတစ်ခုခုကို သော်လည်းကောင်း အမှတ်အသား ပြုလျှင် သို့မဟုတ် ထိုသို့အမှတ်အသားပါရှိသော သေတ္တာ၊ အထုပ်၊ အခြားထည့်စရာတစ်ခုခုကို သုံးစွဲလျှင် ထိုသူသည် အစစ်အမှန်မဟုတ်သော ပစ္စည်းအမှတ်တံဆိပ်ကို သုံးစွဲသည်မည်၏။