ပုဒ်မ ၁၀၀
ပုဒ်မ ၁၀၀
အုပ်ချုပ်သူ၏ ပြုပြင်ရေးဆောင်ရွက်ချက်များ

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ အထူး ကုမ္ပဏီအက်ဥပဒေ နှင့် အခြားတည်ဆဲ ဥပဒေများ တွင် မည်သို့ပင် ပါရှိစေကာမူ အုပ်ချုပ်သူသည် ဗဟိုဘဏ်၏ အတည်ပြုချက်ဖြင့် ဘဏ်အားပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အောက်ပါ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ဆောင်ရွက်ရမည်-
 

(က) နိုင်ငံတော်တွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ဘဏ်၏ လုပ်ငန်းဆောင်ရွက်ချက်များ၏ မည်သည့် အစိတ်အပိုင်းကိုမဆို ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊

(ခ) ဘဏ်၏ ရရန်ပိုင်ခွင့်များကို အခြားဘဏ် သို့မဟုတ် ဥပဒေအရဖွဲ့စည်းသော အဖွဲ့အစည်းသို့ ဗဟို ဘဏ်က သတ်မှတ်ပေးသော စည်းကမ်းချက်အတိုင်း ရောင်းချခြင်း၊

(ဂ) ဘဏ်၏ အရာရှိများ၊ ဝန်ထမ်းများကို အလုပ်မှရပ်စဲခြင်း သို့မဟုတ် ၎င်းတို့ကို အစားထိုးခန့်ထား ခြင်း၊

(ဃ) ပုဒ်မခွဲ (ဂ)ပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော်ပိုင်ဘဏ်များမှ ပုဂ္ဂိုလ်များဖြစ်လျှင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းသို့ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် အကြောင်းကြားခြင်း၊

(င) အုပ်ချုပ်သူက ဘဏ်တစ်ခုသည် အခြားဘဏ်နှင့် ပူးပေါင်းရန် လိုအပ်သည်ဟု စဉ်းစားဆုံးဖြတ် သည့်အခါ ပူးပေါင်းရန်အစီအစဉ်ကို ဆောင်ရွက်ခြင်း၊

(စ) မတည်ငွေရင်းကို တိုးမြှင့်ခြင်းနှင့် အစုရှယ်ယာပိုင်ရှင်သစ်များသို့ ရောင်းချခြင်းနှင့် ဒါရိုက်တာအဖွဲ့ ကိုပြန်လည် ဖွဲ့စည်းခြင်းဖြင့် ဘဏ်ကို ပြင်ဆင်ဖွဲ့စည်းတည်ထောင်ခြင်း၊

(ဆ) ငွေအပ်နှံသူများအကျိုးငှာ အုပ်ချုပ်သူက စဉ်းစားချင့်ချိန်သည့် နည်းလမ်းအတိုင်း ဘဏ်ကိုပြန် လည်တည်ထောင်ခြင်း၊ အကျိုးအမြတ်မရှိနိုင်သော လုပ်ငန်းများကို ပိတ်သိမ်းခြင်း အပါအဝင်ဘဏ်ကို ဖြစ်စေ၊ ၎င်း၏စီမံအုပ်ချုပ်မှုအဖွဲ့ကိုဖြစ်စေ ပြန်လည်ဖွဲ့စည်းခြင်း၊

(ဇ) ဘဏ်ကိုပြန်လည်ထူထောင်ရန် ဗဟိုဘဏ်က အတည်ပြုပေးသည့် အခြားနည်လမ်း ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။