ပုဒ်မ ၄
ပုဒ်မ ၄
ရည်ရွယ်ချက်များ

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာ အရေးယူနိုင်ရန်နှင့် ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကို ကာကွယ်ဟန့်တားရန်၊

(ခ) ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့မှတစ်ဆင့် နိုင်ငံတော်၏အုပ်ချုပ် ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်၊

(ဂ) နိုင်ငံတော်ကလက်ခံထားသည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့်အညီ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆောင်ရွက်ရန်၊

(ဃ) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ လူအများအပြားသေကျေစေသည့် လက်နက် များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုနှင့် မူလပြစ်မှုများ တိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(င) အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အကဲဖြတ်ခြင်းဆောင်ရွက်၍ ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာချမှတ်ရန်။