ပုဒ်မ ၄၂၆
အကျိုးဖျက်ဆီးမှုအတွက် ပြစ်ဒဏ်
မည်သူမဆို အကျိုးဖျက်ဆီးမှုကိုကျူးလွန်လျှင် ထိုသူကို သုံးလထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ
- သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ပုဂ္ဂလိကပစ္စည်း ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှုသာ ဖြစ်လျှင် ကျေအေးခွင့် ရှိသည်။
- မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law