ပုဒ်မ ၅၃
ပုဒ်မ ၅၃
အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း

န်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရယူသုံးစွဲခွင့်ရရှိစေရန်အတွက် နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသေးသည့် နယ်မြေဒေသများ (underserved area) တွင် အခြေခံဆက်သွယ်ရေး အဆောက်အအုံ တိုးချဲ့တည်ဆောက်နိုင်စေရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့် အစီအစဉ်များချမှတ်ရန် ဦးစီးဌာနအား ညွှန်ကြားနိုင်သည်။