(က) မည်သည့် ကလေးသူငယ်ကိုမျှ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းမပြုရ။
(ခ) အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေးသူငယ်၏ အသက်သည် ၁၄ နှစ်အောက်မငယ်စေရ။ အကယ်၍ နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်အရ အခမဲ့မသင်မနေရ ပညာရေးစနစ်အတွက် သတ်မှတ်ထားသော အသက်သည် ၁၄ နှစ်ထက်ပိုပါက ကျောင်းနေသော ကလေးသူငယ်များ၏ အလုပ်လုပ်ကိုင်နိုင်သည့် အသက်သည် ထိုသို့ ပို၍ သတ်မှတ်ထားသော အသက်ထက်မငယ်စေရ။
(ဂ) ပုဒ်မခွဲ (ခ) အရ သတ်မှတ်ထားသော အသက်ထက်ပို၍ကြီးသည့် ကလေးသူငယ်သည် ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာအလုပ်ကို လုပ်ကိုင်နိုင်စွမ်းရှိပါက တည်ဆဲအလုပ်သမား ရေးရာ ဥပဒေများနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ရှိသည်။