(က) ပုဒ်မ ၉၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ဗဟိုဘဏ်၏ အမိန့်ဖြင့် အုပ်ချုပ်သူများကို ခန့် ထားရမည်။
(ခ) ပုဒ်မခွဲ (က) အလို့ငှာ ဘဏ်တွင်အုပ်ချုပ်သူအဖြစ် ခန့်ထားမည့်သူမှာ သင့်မြတ်လျော်ကန်၍ အရည် အချင်းပြည့်မီသူ ဖြစ်ရမည်။
(ဂ) အုပ်ချုပ်သူသည် ဆောင်ရွက်ရမည့်အရည်အချင်း ပျက်ယွင်းလာသည့်အခါ ဆက်လက် ဆောင်ရွက် ရန် သင့်လျော်သော အုပ်ချုပ်သူအား ဗဟိုဘဏ်က အချိန်မရွေးအစားထိုး ခန့်ထားရမည်။
(ဃ) အုပ်ချုပ်သူတစ်ဦးအား ခန့်ထားရာတွင် အုပ်ချုပ်သူ ခန့်အပ်မှုတွင် သတ်မှတ်ထားသည့်အတိုင်း ၂၄ လ ထက်မကျော်စေဘဲ ခန့်ထားရမည်။ အဆိုပါသက်တမ်းကို နောက်ထက် ၂၄ လထက် မကျော်စေဘဲ တစ်ကြိမ် ဆက်လက်သက်တမ်းတိုး ခန့်ထားနိုင် သည်။
(င) အုပ်ချုပ်သူသည် ဗဟိုဘဏ်က တာဝန်ပေးသည့်အတိုင်း လုပ်ငန်းဆောင်ရွက်ရမည့် အပြင် လစာ စရိတ်ခံစားပိုင်ခွင့်ကို ဗဟိုဘဏ်ထံမှ ရရှိစေရမည်။
(စ) အုပ်ချုပ်သူ ခန့်ထားခြင်းအတွက် အုပ်ချုပ်သူလစာငွေ အပါအဝင် ဗဟိုဘဏ်၏ ကုန်ကျစရိတ် အားလုံးကို အုပ်ချုပ်သူ ခန့်ထားရန် လိုအပ်သောဘဏ်က ကျခံစေရမည်။
(ဆ) ဗဟိုဘဏ်သည် အုပ်ချုပ်သူများကို ခန့်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းတို့ကို အမိန့်စာဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး ခန့်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်း ဆုံးဖြတ်ချက်၏ အကြောင်းရင်းကို ဖော်ပြရမည်။