အကျဉ်းထောင် တာဝန်ခံအရာရှိသည် ထောင်ဒဏ်ချမှတ်ခံရသော ကလေးသူငယ်နှင့်ပတ်သက်၍ -
(က) ကလေးသူငယ်အသက် ၁၈ နှစ် ပြည့်သည်အထိ လူကြီးအကျဉ်းသားများနှင့် အတူတကွမထားရှိရ။
(ခ) လူကြီးအကျဉ်းသားများ ဖြတ်သန်းသွားလာခြင်းမပြုနိုင်သည့် သီးခြားအဆောင် သို့မဟုတ် အခန်းတွင် ထားရှိရမည်။
(ဂ) မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး၊ သူငယ်ချင်း မိတ်ဆွေများနှင့်လည်းကောင်း၊ ရှေ့နေ၊ ဥပဒေအကြံပေးနှင့် လည်းကောင်း လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရမည်။ ယင်းတို့နှင့် ကလေးသူငယ်အကြား စာရေးသား ဆက်သွယ်မှုနှင့် အခြားဆက်သွယ်ပြောဆိုမှုများကို လျှို့ဝှက်ထားရှိရမည်။
(ဃ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပစ္စည်းများမှအပ ကလေးသူငယ်ထံ ပေးပို့သည့် အစားအသောက်နှင့် သတ်မှတ်ထားသော ပစ္စည်းများပေးပို့ခြင်းကို လက်ခံခွင့်ပြုရမည်။
(င) အလုပ်ကြမ်းခိုင်းစေခြင်း သို့မဟုတ် အကျဉ်းဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ သတ်မှတ်ထားသော စခန်းသို့ ပို့လွှတ်ခြင်းမပြုရ။
(စ) ကလေးသူငယ်အား ကျန်းမာရေးစစ်ဆေးခြင်းကို မဖြစ်မနေ ပုံမှန်ပြုလုပ်ပေးပြီးလိုအပ်ပါက ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီစဉ်ဆောင်ရွက်ပေးရမည်။
(ဆ) ကလေးသူငယ်၏ အကျင့်စာရိတ္တကိုပြုပြင်ပြောင်းလဲပြီး လူ့အဖွဲ့အစည်းတွင် ပြန်လည်ဝင်ဆံ့ပေါင်း စည်းရေးနှင့် ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုမည့် သင်တန်းပို့ချခြင်း၊ ပညာသင်ကြား ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ကြားပေးခြင်းတို့ပြုရမည်။
(ဇ) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်အညီ ထောင်ဒဏ်မှ လျှော့ရက်ခံစားခွင့်ပေးရမည်။