ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် -
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဗဟိုကော်မတီ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။