ပုဒ်မ ၂၄
ပုဒ်မ ၂၄
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးရာတွင် အောက်ပါကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ရယူဆောင်ရွက်နိုင်သည်-

(က) ကွန်ပျူတာစနစ်၊ ကွန်ရက်များနှင့် ဆာဗာများအား ဝင်ရောက်ကြည့်ရှုခြင်း၊

(ခ) တယ်လီဖုန်းလိုင်းများ၊ ဖက်စ်များ သို့မဟုတ် အီလက်ထရောနစ်ထုတ်လွှင့်မှုများ သို့မဟုတ် ဆက်သွယ်ရေး အထောက်အကူပြုပစ္စည်းများအား စောင့်ကြည့်မှုအောက်တွင် ထားရှိခွင့်၊ ကန့်သတ်ခွင့်၊ ကြားဖြတ်နားထောင်ခွင့်၊ ဖမ်းယူခွင့်၊ ဖြတ်တောက်ခွင့်၊ ပြစ်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက် မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခွင့်၊ မိတ္တူကူးယူခွင့်နှင့် လိုအပ်သလိုအသုံးပြုခွင့် ကျင့်သုံးခြင်း၊

(ဂ) လှုပ်ရှားဆောင်ရွက်မှုများနှင့် အပြုအမူများ သို့မဟုတ် စကားအပြန်အလှန်ပြောဆိုမှုများကို အသံ သို့မဟုတ် ဗီဒီယိုဖြင့် မှတ်တမ်းရယူခြင်း၊

(ဃ) အသွင်ယူစုံစမ်းစစ်ဆေးခြင်း၊

(င) ထိန်းချုပ်ဖော်ထုတ်ခြင်း။