ပုဒ်မ ၁၁
ပုဒ်မ ၁၁
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်

လုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းလိုင်စင်ရရှိထားသည့် အခြားသူတစ်ဦးဦးနှင့် အောက်ပါကိစ္စ ရပ်များအတွက် သဘောတူစာချုပ် ချုပ်ဆို၍ ဆောင်ရွက်နိုင်သည်-

(က) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအချင်းချင်း ဤဥပဒေ အခန်း (၁၀) ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်း၊

(ခ) ကွန်ရက်အထောက်အကူပြုပစ္စည်းများကို ခွဲဝေအသုံးပြုခြင်း၊

(ဂ) လုပ်ငန်းလိုင်စင်တွင် သီးခြားဖော်ပြသတ်မှတ်ထားသည့် အခြားကိစ္စရပ်များ ဆောင်ရွက်ခြင်း။