ပုဒ်မ ၂၄၈
ကွဲလွဲသောအမျိုးအစားအဖြစ်ဖြင့် သုံးစွဲနိုင်ရန် အကြံဖြင့် ဒင်္ဂါး၏ အသွင်အပြင်ကိုပြောင်းလဲခြင်း
မည်သူမဆို ဒင်္ဂါးတစ်ခုခုကို ကွဲလွဲသောဒင်္ဂါးအမျိုးအစားအဖြစ် သုံးစွဲနိုင်ရန်အကြံဖြင့် ဆိုခဲ့သော ဒင်္ဂါး၏ အသွင်အပြင် ပြောင်းလဲအောင်ဆောင်ရွက်ချက်တစ်ခုခုကိုပြုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ
- ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။
Related Law