ပုဒ်မ ၂၃၆
ပုဒ်မ ၂၃၆
ပြည်ထောင်စု မြန်မာနိုင်ငံအပတွင် ဒင်္ဂါးအတုပြုသည်ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ အားပေး ကူညီခြင်း

မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံအပတွင် ဒင်္ဂါးအတုပြုသည်ကို နိုင်ငံအတွင်းမှနေ၍ အားပေး ကူညီလျှင် ထိုသူအား ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ ဒင်္ဂါးအတုပြုသည်ကို အားပေးကူညီသကဲ့သို့ ထပ်တူထပ်မျှ ပြစ်ဒဏ်ချမှတ်ရမည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။